tattoos


1. Use "flash" source images
2. Use Multiply for your layers
3. Use the Transform option to position and distort the tattoo.
4. Be a little creative and play with the colour and opacity settings.

ချစ်သူကိုနတ်သမီးအဖြစ်ဖန်ဆင်းမယ်

ဒီမှာသယ်ရင်း....
ချစ်သူအကြောင်းကို တွေးလိုက်ရုံနဲ့ပဲ သယ်ရင်းရင်ထဲနွေးလှိုက်လို့လာတယ်မဟုတ်လား?
ဒီမှာသယ်ရင်း....
ညနက်နက်မှာမက်တတ်တဲ့ အိပ်မက်တွေထဲမှာသယ်ရင်းချစ်သူက နတ်သမီးလေးတစ်ပါးအမြဲ ဖြစ်ဖြစ်နေတတ်တယ်မဟုတ်လား?
ဒါဆိုရင်သယ်ရင်း...
ချစ်သူကိုနတ်သမီးတစ်ပါးအဖြစ်ဖန်ဆင်းလိုက်ကြရအောင်....၊ ဒီနေရာမှာကွဲလွဲမှုတော့ရှိနိုင်တယ် ဥပမာ... သယ်ရင်းစိတ်ကူးထဲကနတ်သမီးလေးက ထိုင်မသိမ်းဝတ်ကြီးနဲ့ စောင်းကြီးတစ်လက်ပိုက်ထားတယ်ဆိုတာမျိုးပေါ့
ကိုယ်ကတော့ သိုးဆောင်းနတ်သမီးပုံစံမျိုးလုပ်ပါမယ်။

မြန်မာဝက်ဆိုဒ်တစ်ခုကနေဘယ်သူ့ချစ်သူမှန်းမသိတဲ့ ချစ်သူတစ်ယောက်ရဲ့ပုံကိုရှာလာပါတယ်
သယ်ရင်းလည်း သယ်ရင်းချစ်သူပုံကိုဖိုတိုရှော့နဲ့ဖွင့်လိုက်ပါ သယ်ရင်းချစ်သူပုံကဒီလိုဘေးစောင်းမဟုတ်ဘူး အတည့်ကြီးရိုက်ထားတာဆိုလည်း အတည့်အတိုင်းပဲလုပ်ပါလေ (ဖိုတိုရှော့နဲ့ပြောပါတယ်)

ချစ်သူပုံကိုကြိုက်တဲ့selection toolနဲ့ရွေးပြီး ကော်ပီ(CTRL+C)ကူးထားလိုက်ပါ ဖိုင်အသစ်(CTRL+N)ဖွင့်ပြီး paste(CTRL+V)
လုပ်လိုက်ပါ ဆိုဒ်ကိုတော့စိတ်ကြိုက်သာရွေးပါလေ ဒီမှာတော့ 650ပတ်လည်သုံးထားပါတယ်

ကဲ... ဒီမှာကိုယ်ယူလာတဲ့ပုံနဲ့ပတ်သက်လို့နည်းနည်းပြဿနာရှိပါတယ် အဲဒါကတော့ နတ်သမီးအဖြစ်ဖန်ဆင်းမယ့်
ချစ်သူမှာလက်ပတ်နာရီပါနေတာပါပဲ။ နတ်သမီးတွေနာရီပတ်ကြတယ်လို့ကိုယ်မကြားမိဘူး နတ်သမီးဆိုတာ အချိန်မှန်
ရုံးတက်ရတဲ့သူ ၊ မနက်စောစောစီးစီး ရပ်ကွက်ထဲပဲပြုတ်ပတ်ရောင်းနေရတဲ့သူတွေလည်းမဟုတ်တဲ့အတွက် အချိန်ဆိုတာ
သူတို့အတွက်မလိုအပ်လှဘူး အဲဒါကြောင့်clone stamp toolနဲ့နာရီကိုဖျောက်လိုက်ပါတယ် (ဒါတော့လုပ်မပြတော့ဘူးနော်)
လက်စွပ်ကိုလည်းဖျောက်မလားလို့စဉ်းစားမိသေးတယ် ဒါပေမယ့်မဖျောက်ဖြစ်တော့ပါဘူး ။ “will u marry me”ဆိုတဲ့
တောင်းဆိုမှုနဲ့တစ်စုံတစ်ဦးက ပေးထားတာမျိုးဆိုရင်ကိုယ်ငရဲကြီးနိုင်တယ်လေ အဲဒါကြောင့်ပါ။

သယ်ရင်းလည်းကိုယ့်ပုံကိုကိုယ်ပြန်ကြည့်ပါ သယ်ရင်းချစ်သူက ကုလားမကြီးဖြစ်နေရင်တော့ levelရယ် hue saturationတွေ
ရဲ့အကူအညီနဲ့skill toneကိုချိန်ရလိမ့်မယ် (စတာပါလေ ကိုယ်သိပါတယ်.. သယ်ရင်းချစ်သူက ကိုးရီးယားမင်းသမီးတွေ
ထက်တောင် ချော်နေသေး..အဲ.. ချောနေသေးတယ်ဆိုတာ)
ကဲ..စမယ်
အပုံကို CTRL+J နှိပ်ပြီးduplicateလုပ်လိုက်ပါ
အဲဒီလိုလုပ်ထားတဲ့layerကိုပဲ filter---->blur---->smart blurကိုသွားပြီးဒီတန်ဖိုးအတိုင်းချိန်ညှိပါ

အသားအရောင်ညက်သွားတာကိုတွေ့ရပါမယ်
brush tool bကိုရွေးပါ ချစ်သူရဲ့အသားအရောင်နေရာမှာအလင်းဆုံးတစ်နေရာကိုeyedropperနဲ့တချက်နှိပ်ပြီးအရောင်ယူပါ
ပြီးတာနဲ့မျက်နှာ လည်ပင်း လက် စတဲ့နေရာတွေကိုအရောင်တပြေးညီဖြစ်အောင်ခြယ်လိုက်ပါ
soft brushပဲဖြစ်ရပါမယ် brush sizeကိုလိုသလိုအတိုးအလျှော့လုပ်ပါ ဒီနေရာမှာအချိန်နည်းနည်းပေးပြီးလုပ်လိုက်ပါ

ကဲ..အသားလေးတွေချောသွားပါပြီ
layerအသစ်ဖွင့်hard brush toolနဲ့ foregroundအနီရောင်ယူပြီးချစ်သူကိုနှုတ်ခမ်းနီဆိုးပေးပါ
သေချာခြယ်မိအောင် CTRL နဲ့+ကိုတွဲနှိပ်ပြီးချုံ့ကြည့်ဖို့မမေ့ပါနဲ့

ပြီးရင်layer optionsမှာ normalကနေmultiplyကိုပြောင်းပေးပါ

နောက်ထပ်layerအသစ်ယူပါ hard brush toolနဲ့ပဲမျက်လုံးအရစ်တွေကိုzoomဆွဲပြီးအနက်ရောင်ခြယ်ပါ
ပြီးရင်layer optionsမှာmultiplyပြန်ပြောင်းပါ

နောက်ထပ်layer အသစ်ထပ်ဖွင့်ပါ hard brush tool အနက်ရောင်နဲ့ပဲမျက်ခွံတွေကိုခြယ်ပါ
ဒီနေရာမှာlayerအသစ်ခဏခဏယူနေရတာကတစ်စုံတစ်ခုအမှားအယွင်းဖြစ်လာရင် အကုန်ပြန်ပြင်လို့ရအောင်ပါ

ပြီးရင်ဒီlayerကိုပဲ add layer maskလုပ်လိုက်ပါ layer maskဖြစ်တဲ့အဖြူကွက်ကိုselectလုပ်ထားပြီးgradient tool Gကိုယူ
်Foreground to Transparent , radial gradientနဲ့အပုံရဲ့အပေါ်ကနေအောက်တည့်တည့်ကိုမျဉ်းတစ်ကြောင်းဆွဲချပါ

ဒါဆိုရင်မျက်ခွံလေးတွေလှသွားပါပြီ

layerအသစ်ဖွင့်ပါ
နောက်ပြီး wings brushကိုဒေါင်းလိုက်ပါ
ပြီးရင်အနက်ရောင်နဲ့အောက်ကပုံအတိုင်းတပ်လိုက်ပါ

ဒီlayerကိုပဲ CTRL+Jနဲ့ပြန်ပွားပြီး ပွားထားတဲ့layerကို ချစ်သူရှိတဲ့layerအောက်ကိုရောက်အောင်ဆွဲချလိုက်ပါ
ပြီးရင် free transformနဲ့ ဒီအနေအထားရအောင်လုပ်ယူပါ

ဘာရယ်ညာရယ်မဟုတ် စိတ်ကူးထဲရှိတာလုပ်ပေးလိုက်တယ်
အောက်ကပုံတွေလိုပေါ့



free transform--->distortနဲ့eraser toolတို့ကိုအသုံးပြုပြီးအဆင်ပြေအောင်လှုပ်ရှားလိုက်ပါ


ဒီအပုံကိုကူးပြီးbackground layerအပေါ်မှာကပ်ထည့်လိုက်ပါ တန်ဖိုးကိုလည်း levelနဲ့အောက်ကပုံအတိုင်းချိန်ပါ

ဒီနေရာမှာ moon brushကိုဒေါင်း layerအသစ်ဖွင့်ပြီး foreground အဖြူရောင်နဲ့ကြိုက်တဲ့ လပုံစံကိုယူပါ ရလာတဲ့လကအရောင်သိပ်မထွက်ဘူး အဲဒါကြောင့် blending optionsကိုနှိပ်ပြီး
outer glowကိုချိန်ပါတယ်

နောက်ထပ်layerအသစ်ထပ်ယူပါတယ်
foregroundကအနက် backgroundကအဖြူဖြစ်နေရပါမယ်
ပြီးရင်filter--->render----> cloudကိုနှိပ်ပါ

ပြီးရင်cloud layerကို overlayအဖြစ် layer optionsမှာပြောင်းလိုက်ပါ

ကဲ...တော်တော်တော့ပြီးသွားပြီ
ဆံပင်ပဲကျန်တော့တယ် ဆံပင်အဖြောင့်ကြီးကရိုးလွန်းတယ် အတွန့်အတွန့်လေးတွေနဲ့ဆို ကိုကိုတို့ရင်ဖိုတယ်
နတ်သမီးလည်းမနေရပါဘူး sexyရပါတော့မယ် http://www.brusheezy.com/brushesကိုသွားပြီးsearch barမှာ smoke brushဆိုပြီးရိုက်ထည့်ရှာပါ (ကိုယ်သုံးခဲ့တဲ့smoke brushလိပ်စာကိုမေ့သွားပြီ)
ပြီးရင်layerအသစ်မှာ foreground အနက်ရောင်နဲ့ဆံပင်တွေကိုစိတ်ကြိုက်ပြင်ပါလေ့

နောက်ဆုံးတောလည်း ချစ်သူက သယ်ရင်းစိတ်ကူးအိပ်မက်ထဲက နတ်သမီးလေးတစ်ပါးဖြစ်သွားပါပြီ
သယ်ရင်းဆီကိုအိပ်မက်လှလှလေးတွေဆောင်ကျဉ်းပေးဖို့ပဲကျန်ပါတော့တယ်

ချစ်သူကိုနတ်သမီးအဖြစ်ဖန်ဆင်းပြီးရင် ချစ်သူဆီပို့ပေးဖို့လည်းမမေ့နဲ့ဦးနော်
အနည်းဆုံး “darling... u r so sweet”ဆိုတဲ့respondလောက်တော့ပြန်ရမှာပါ အဲကျရင်ကိုယ့်ကိုဘီယာတိုက်ဖို့လည်း
မမေ့နဲ့ဦး (စတာပါကွယ်)။
............
ဒီtutorialကြောင့်ဒီပိုစ်လေးရေးဖြစ်တယ်
သွားရောက်လေ့လာနိုင်ပါတယ်

ချစ်သူရဲ့ကောက်ကြောင်း


“ချစ်သူရဲ့ကောက်ကြောင်း”ဆိုတော့ ခေါင်းစဉ်ကိုကြည့်ပြီးမျက်လုံးပြူးသွားလားသယ်ရင်း?
ရှည်ရှည်မတွေးနဲ့လေသယ်ရင်း..၊ အရှည်တွေးတတ်တာကောင်းပါတယ် ဒါပေမယ့်..လိုအပ်ရင်အတိုလည်းတွေးတတ်ရမယ်။
မတတ်နိုင်လို့သာနေနေကြရမယ် ဘယ်သူမဆို ချစ်သူအတွက်တော့ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့ကြမှာပဲ
ချစ်သူရဲ့ပုံတူကိုဆွဲပြီးချစ်သူကိုsurpriseလုပ်လိုက်ရရင်ဘယ်လိုနေမလဲသယ်ရင်း? အံ့သြဝမ်းသာတဲ့စိတ်အစုံနဲ့ကိုယ့်ကိုပြန်ပြုံးပြ
နေမယ့်ချစ်သူရဲ့အပြုံးကိုမြင်ယောင်ကြည့်ပါ၊ ဆရာတာရာမင်းဝေရဲ့စာထဲကအတိုင်းဆိုရင်တော့ အဲဒီအပြုံးဟာ..
ကမ္ဘာပေါ်မှာရှိသမျှပန်းတွေအားလုံး“ဖျပ်ကနဲ”ပြိုင်တူပွင့်လာကြခြင်းနဲ့ညီမျှနေလိမ့်မယ်။
ခြွင်းချက်တော့ရှိတယ် ၊ ချစ်သူပုံဆွဲတာ ရပ်ကွက်ထဲကနွားနို့ပို့တဲ့ကုလားမပုံနဲ့တော့မတူဦးမှကိုး..။
ကဲ...ပန်းချီဆရာမဟုတ်လည်း photoshopနဲ့ကောက်ကြောင်းခြယ်တဲ့ပန်းချီဆရာလုပ်လိုက်ကြရအောင်..
ဒီtutorialကိုလိုက်လုပ်မယ်ဆိုရင် နံပါတ်(၁) သယ်ရင်းချစ်သူဟာမကြာသေးခင်ကမှ သီလရှင်ဝတ်ပြီးထွက်လာတဲ့သူမဖြစ်ရပါဘူး။ နံပါတ်(၂) သယ်ရင်းချစ်သူဟာ ကပ္ပလီမကြီးမဖြစ်ရပါဘူး ။
သီလရှင်ထွက်ကတုံးဆံပင်နဲ့ဆိုရေးခြယ်စရာဘာကောက်ကြောင်းမှရမှာမဟုတ်သလို ကပ္ပလီမဆံပင်နဲ့ဆိုလည်း
pen toolနဲ့traceလိုက်တဲ့လက် အံသေသွားမှာဖြစ်ပါတယ်။

ကဲ...ချစ်သူပုံကိုဖိုတိုရှော့နဲ့ဖွင့်လိုက်ပါ အဖြူရောက်နောက်ခံပဲဖြစ်ရပါမယ် အဲလိုမဖြစ်ရင်အပုံကိုဖြတ်ထုတ်ပြီးnew document(CTRL+N)မှာနောက်ခံအဖြူနဲ့ကပ်ထည့်လိုက်ပါ

ဒီမှာကိုယ်ကတော့ဒီနောက်ခံနဲ့ပဲဆက်လုပ်ပြသွားမှာဖြစ်ပါတယ် သယ်ရင်းကတော့နောက်ခံအဖြူနဲ့ဖြစ်ရပါမယ်
ပြီးရင်Image > Adjustments > Desaturate( Ctrl+Shift+U)နဲ့အပုံကိုအဖြူအမဲပြောင်းလိုက်ပါ

ပြီးရင်Image > Adjustments > Levelsမှာအောက်ကတန်ဖိုးအတိုင်းချိန်ပါ(ဒါကတော့ရွေးလိုက်တဲ့ပုံရဲ့အလင်းအမှောင်အပေါ်
မူတည်ပါတယ်)

ချစ်သူကမျက်နှာငွေလရွှင်ပပဖြစ်သွားပါပြီ
layerအသစ်ဖွင့်ပြီးpaint bucket toolနဲ့အဖြူရောင်ဖြည့်လိုက်ပါ

layer opacityမှာ၃၀%လောက်ထားပြီးsoft round Eraser Toolနဲ့မျက်လုံး၊နှာခေါင်း၊ပါးစပ်နေရာတွေမှာmouseနဲ့ပွတ်ဆွဲပါ (အသစ်ဖွင့်လိုက်တဲ့layerမှာနော်)
နောက်ဆုံးဒီလိုလေးဖြစ်သွားပါမယ်

ပီးရင်layerနှစ်ခုကိုMerge(CTRL+E)လိုက်ပါ
layerအသစ်ဖွင့်ပြီးbrush tool Bမှာ3px ၊ foregroundအနက်ရောင်ကိုရွေးပြီးPen Toolကိုရွေးပါ

ပြီးရင်ချစ်သူရဲ့မျက်နှာကိုကောက်ကြောင်းလိုက်ပါ

ပြီးရင်အပုံပေါ်မှာပဲ right clickကိုနှိပ်ပြီးStroke Pathကိုရွေးပါ ပေါ်လာတဲ့boxထဲကSimulate Pressureဆိုတာကိုမြားအမှန်
ခြစ်ပေးဖို့မမေ့ပါနဲ့ (ဒါကကောက်ကြောင်းပေါ်မူတည်ပါတယ် အဖျားသွယ်တဲ့မျဉ်းကိုလိုချင်ရင်Simulate Pressureကမြားအမှန်ကိုခြစ်ခဲ့ရမှာဖြစ်ပြီး ဒီအတိုင်းမျဉ်းဖြောင့်ကြီးလိုချင်ရင်တော့မြားကိုဖြုတ်ခဲ့ရမှာဖြစ်ပါတယ်)

ဒီနေရာမှာစိတ်ကူးရှိသလောက် ချစ်သူရဲ့ဆံပင် လည်တိုင် မျက်နှာ လက်ချောင်း စတာတွေကိုအချိန်ယူပြီးဆွဲပါ
မျဉ်းတစ်ကြောင်းဆွဲပြီးလို့Stroke Pathကိုရွေးပြီးသွားပြီဆိုရင်layer paletteထဲကpathဆိုတဲ့နေရာမှာရှိနေတဲ့မျဉ်းတွေကိုဖျက်ပစ်ဖို့မမေ့ပါနဲ့ မဟုတ်ရင်သူကမျဉ်းကြောင်းတွေကိုကွယ်နေပါလိမ့်မယ်


မျဉ်းကြောင်းတွေစိတ်ကြိုက်ဆွဲပြီးသွားပြီဆိုရင်background layerကိုပြန်သွားပါ
Brush Toolကို 100 px, soft brush,opacity 30%နဲ့foregroundအဖြူရောင်ထားပြီး မပေါ်စေချင်တဲ့နေရာတစ်ဝိုက်ကိုခြယ်ပါ


အပုံကိုစိတ်တိုင်းကျတဲ့အထိ မျဉ်းကြောင်းရှိတဲ့layerနဲ့background layerတို့ကိုတစ်လှည့်စီပြုပြင်ပါ
(အပေါ်layerကpen toolသက်သက်ဖြစ်ပြီးအောက်layerက brush toolပဲဖြစ်ရပါမယ်)
ဒါပါပဲ... လွယ်တယ်မဟုတ်လား?
နောက်ဆုံးအနေနဲ့အပုံကိုပိုပြီးထင်းနေအောင်filterအောက်ကSharpen Toolကိုနှိပ်လိုက်ပေါ့
ကဲ...ချစ်သူရဲ့ကောက်ကြောင်းလှလှလေးကိုဆွဲလို့ပြီးသွားပါပြီ

ဒီအပုံကိုtutorialအတွက်ကတိုက်ကရိုက်ကြီးထဆွဲလိုက်တာဖြစ်လို့သိပ်တော့မသေသပ်လှဘူး သယ်ရင်းကတော့ကိုယ့်အပုံထက်ကောင်းအောင် အချိန်နည်းနည်းပိုယူပြီးလုပ်ပါလေ
“ဝတ်မှုန်ရွှေရည်”ပုံတုန်းကနှင်းဆီအနီတစ်ပွင့်ကိုယ်ပန်ပေးခဲ့ပါတယ် သယ်ရင်းလည်းပန်ပေးချင်တယ်ဆိုပန်ပေးလိုက်ပါ
တစ်ခုတော့ရှိတယ် သယ်ရင်းချစ်သူက “ပန်းနီနီမပေးနဲ့ကွယ် မပန်ချင်ဘူး”ဆိုပြီးရှေးဟောင်းသီချင်းကိုဆိုပြနေရင် ပန်းအရောင်ပြောင်းလဲဖို့ ကိုယ့်ဘာသာကိုယ်
စဉ်းစားလိုက်ပါ
အဆင်ပြေမယ်လို့ထင်ပါတယ် ကဲ မူရင်းtutorialလေးပါလေ့လာလိုက်ပါဦး။

ကြယ်တွေစုံတဲ့ည

ငယ်ငယ်ကပေါ့........
ကျနော့်အိမ်ရှေ့မှာကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်
အမြစ်တွေဟာမြေပေါ်မှာခွေပတ်လို့နေတယ် အမှောင်ရောင်တွေသိပ်များလွန်းတဲ့ညတွေမှာ
အဲဒီကုက္ကိုမြစ်ပေါ်တက်လှဲအိပ်ပြီး ကုက္ကိုအကိုင်းအရွက်တွေကြားကနေ ကြိုကြားကြိုကြားလှမ်းမြင်နေရတဲ့
ကောင်းကင်ကကြယ်တွေကိုကျနော်ငေးမောနေတတ်တယ်
ဘာရယ်မဟုတ်ဘူး... ကြယ်တွေကိုငေးရတာ ပျော်သလိုလို ဆွေးသလိုလိုကြီးမို့လို့။
အနက်ရောင်ကောင်းကင်နောက်ခံနဲ့ဆိုတော့ကြယ်စုကြယ်ဝေးကိုကြည့်ရတာ
ကတ္တီပါခင်းပေါ်ကြဲပက်ထားတဲ့စိန်ပွင့်တွေလိုပဲ
လောဘတွေ မောဟတွေ လုံးဝမပါတဲ့ စကြာဝဠာထဲက ရတနာပြပွဲလေးပေါ့

မှတ်မှတ်ရရ ကျနော့ကောင်းကင်ထက် မိုးရိပ်လေရိပ်တွေဆင်လာတဲ့ညတစ်ညမှာ ကြယ်တွေတရုန်းရုန်းနဲ့
ဒုန်းစိုင်းထွက်သွားလိုက်ကြတာ ခုထိတစ်ကောင်တစ်မှီးမှကိုပေါ်မလာကြတော့ဘူး
...ကြေကွဲရပါတယ် (တစ်ကယ်ပါပဲ)
ခုတော့ ကျနော့ကောင်းကင်ကကြယ်တွေကို ကျနော့desktopမှာပဲဖန်တီးလိုက်တယ်
ဒီပုံတွေကိုအသုံးပြုပြီးတော့ပေါ့..








နောက်ဆုံးဒီအပုံထွက်လာပါတယ်


မြင်တဲ့အတိုင်းပဲတံတားကသစ်သားထောက်တိုင်တွေရဲ့အရိပ်ဟာမှားနေပါတယ်
(ဒီအပုံရဲ့သဘောအရပေါ့လေ)
ဒါပေမယ့် မှားနေတာကိုမှားနေတဲ့အတိုင်းပဲထားလိုက်ပါတယ်
clone stampနဲ့ပြင်ဦးမလို့ပဲ ဒါပေမယ့်... ပျင်း...သွား...တယ်... ။နားလည်ပေးပေါ့ဗျာ
ကိုထူးအိမ်သင်အလွမ်းပြေသီချင်းတစ်ပုဒ်ပါအဆစ်ထည့်ပေးလိုက်တယ်
ကြယ်တွေစုံတဲ့ည
မိတ်ဆွေတို့ဘဝရဲ့မိုးကောင်းကင်ထက်မှာ ကြယ်စုံတဲ့ညမျိုးရှိခဲ့ဖူးကြလိမ့်မယ် ထို့အတူပဲ
လေနီရိုင်းတွေကြမ်းတဲ့ညမျိုးလည်းရှိခဲ့ဖူးလိမ့်မယ် အခုဒီပိုစ်ကတော့ မိတ်ဆွေတို့ဘဝရဲ့
ကြယ်တွေစုံတဲ့ညတစ်ညကို အမှတ်ရစေဖို့ရည်ရွယ်ပါတယ် ။

lighting up photo

အပေါ်မှာlayerအသစ်ဖွင့်ပြီးအနက်ရောင်နဲ့ဖြည့်
Color Dodgeကိုပြောင်း၊ soft brushနဲ့ကြိုက်တဲ့အရောင်ယူပြီး လင်းချင်တဲ့နေရာကိုခြယ်ပေတော့

တွေ့တယ်နော်
မမက လန်းလည်းလန်း လန်လည်းလန် ဒန့်..ဒန့်..ဒန် :P

ပန်းသီး


“စကား စကား ပြောပါများ စကားထဲက လျှာထွက်ရ”တဲ့
ခုကစပြီး“လေ”ချွေတာတော့မယ်လို့ စိတ်ကူးတယ် အဲဒါကြောင့် ၁နာရီခွဲထိုင်ဆွဲရတဲ့ပုံကို
အကျယ်အကျယ်ရော အကျဉ်းအကျဉ်းရောပြောမနေတော့ပါဘူး မူရင်းtutorialကိုဒီမှာပဲကြည့်လိုက်ပါ။
အတိအကျလိုက်လုပ်တာတောင် ကျနော့ပုံကတလွဲဖြစ်နေပါသေးတယ်
ကျနော့နာမည်“မောင်ရှည်”မဟုတ်ပါဘူး ၊ ဒါပေမယ့်နည်းနည်းတော့ရှည်တယ် မလိုတာတွေလျှောက်လုပ်
ရမှာဝါသနာပါတယ် အဲဒါကြောင့်ဆွဲပြီးတဲ့အပုံကို ရေစက်ကလေးထည့်ပေးလိုက်ပါတယ်
ကြည့်တတ်ရင်မြင်ပါလိမ့်မယ် ပန်းသီးအရိုးတံက လုံးဝမတူဘူးဖြစ်နေတယ် ရေစက်ကလည်းမပီပြင်ဘူး
တတ်နိုင်ဘူးလေကွယ်
ပုံဆွဲပြီးပြီးချင်းစိတ်ထဲဖြစ်လာတာက “စားလို့ရရင်မိုက်မယ်”

ဘာမှန်းမသိဘူး



နေ့လည်ကဆွဲဖြစ်တဲ့ပုံပါ
ဘာပုံလဲလို့မေးရင် ဘာပုံမှန်းကျနော်လည်းမသိပါဘူး
googleကနေရှာတွေ့ထားတဲ့ ဝက်ဆိုက်တစ်ခုကtutorialပါ၊ မူရင်းပုံကတော်တော်လှတယ် အကုန်လိုက်လုပ်လည်းသူ့လောက်မလှဘူးဖြစ်နေတယ် ဘာတတ်နိုင်မလဲနော..။
မူရင်းကအဖြူရောင်backgroundနဲ့အလုံးတစ်လုံးတည်းပါ လိုက်လုပ်တဲ့ကျနော်က နည်းနည်းရှည်တယ်လေ
backgroundအနက်ပြောင်းလိုက်တယ် အလုံးကို Ctrl+Jနှိပ်ပြီး Duplicate layerလုပ်လိုက်တယ်
Duplicateလုပ်ထားတဲ့ကောင်ကိုအောက်တည့်တည့်ဆွဲချ Ctrl+tနှိပ်ပြီး Flip Verticalပြောင်းလိုက်တယ်
သူ့ကိုပဲ layer maskထည့်ပေးလိုက်တယ် အဖြူအမဲGradient toolမှာForeground to Backgroundကိုယူပြီး ဒေါင်လိုက်မျဉ်းဆွဲချ opacity 50လောက်လျှော့ပါတယ်
နောက်ဆုံး မြင်တဲ့အတိုင်းပဲဖြစ်သွားပါတယ် ဘာအပုံလဲလို့မမေးနဲ့လေ ကျနော်မှမသိတာ :P
.............
ဒါကဒီပိုစ်တင်ပြီးမှထပ်ဆွဲတဲ့ပုံ..
ထုံးစံအတိုင်းပေါ့ ဘာပုံမှန်းမသိပါဘူး သကြားလုံးသာဆိုရင်တော့ စားလို့ကောင်းမယ့်သဘောရှိတယ်..